Local News

ကချင်ပြည်နယ်၏ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှ ဒီဇင်ဘာလ ၂ ရက် အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ 26 ရက်မှ ဒီဇင်ဘာလ 2 ရက်နေ့ များအတွင်း တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ကြံ၊ ဆန်၊ ရာဘာ၊ ပြောင်း၊ နှမ်းနက်၊ မြေပဲကြား (အခွံပါ)၊ ‌ဖရဲသီးနှင့် ဆန်ကွဲများ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် 2621218 ဒဿမ 14  ကန်ဒေါ်လာ ဖြစ်ပြီး၊ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန် ၏‌ ငွေပမာဏမှာ 2946593 ဒဿမ 30 ဒေါ်လာဖြစ်၍ တင်ပို့ကုန်၏ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ 5567811 ဒဿမ 44 ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ  ချည်ထည်များ၊ စက်နှင့်စက်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ လယ်ထွန် စက်များ၊ ဓါတုဗေဒချည်ခင်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ သံနှင့်သံမဏိဆောက်လုပ်ရေး ပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ ဒီဇယ်အင်ဂျင်များ၊ ကားတာယာ၊ သံပိုက်၊  မြက်ခင်းတုနှင့် အခြား ပစ္စည်းများတင်သွင်းမှုရှိခဲ့ပါသည်။ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန် တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ 239090 တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ် ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ 269971 ဒဿမ 800 ဖြစ်၍တင်သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ 509061 ဒဿမ 800 တင်သွင်းမှု ရှိခဲ့ပါသည်။

မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် သုည ဒဿမ ၃၃1 ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ 302 ဒဿမ 11 ကျပ်ရှိကြောင်းသိရှိရပါသည်။

 

မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News